Friday, April 19, 2024

သီပေါစစ်ဘေးရှောင်များနေရပ်ပြန်ကုန်ပြီဖြစ်သော်လည်း စိုးရိမ်မှုများဖြင့်သွားလာနေထိုင်နေရ

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရှိစစ်ဘေးရှောင်များ နေရပ်ပြန်ကြပြီဖြစ်သော်လည်း စိုးရိမ်စိတ်များရှိနေကြသေးကြောင်းသိရသည်။

ဓါတ်ပုံ Sipaw Youth – နားမခေါ်အုပ်စုကစစ်ဘေးရှောင်များ

နို၀င်ဘာလ ၂ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြားဖြစ်ပွါးသောတိုက်ပွဲကြောင့် နားမခေါ်အုပ်စုဘုန်းကြီးကျောင်းနှင့် ၀မ့်ဟုန့်ရွာဘုန်းကြီးကျောင်း သို့ ဒေသခံရွာသား ၁၀၀၀ ကျော် ဘုန်းကြီးကျောင်းသို့တိမ်းရှောင်ခဲ့ကြပြီး နို၀င်ဘာလ ၄ ရက်နေ့ကမူ ပစ်ခတ်သံများငြိမ်သွားပြီဖြစ်သဖြင့် နေရပ်သို့အသီးသီး ပြန်သွားကြပြီဖြစ်သည်။

“ရွာဘက်မှာ ပစ်ခတ်သံတွေငြိမ်သွားပြီဖြစ်လို့ သူတို့ပြန်သွားကြပြီ။ တဖက်ကလည်း ခြံထဲက သီးနှံတွေဆွတ်ရမှာမို့လို့လေ။ စိုးရိမ်မှုနဲ့တော့ နေနေရတယ်။ သတိထားနေကြရသေးတယ်လို့ပြောတယ်”- ဟု စစ်ဘေးရှောင်များအားကူညီမှုပေးခဲ့သော သီပေါမြို့ခံလူငယ် စိုင်းဝမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

သီပေါမြို့နယ် နားမခေါ်အုပ်စု ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ခိုလှုံရောက်ရှိနေသော ဟိုနားရွာ၊ နိုင်းလုံရွာ၊ တုန့်ကျိုင်းရွာ၊ ၀မ့်တာ့လုံရွာ ၊ ခိုင်းဟျိုးရွာမှ ရွာသား ၆၅၂ ဦး ၊ ၀မ့်ဟုန့်ရွာဘုန်းကြီးကျောင်းသို့ ခိုလှုံနေသည့်စစ်ဘေးရှောင် ၄၀၀ ကျော်တို့မှာ နို၀င်ဘာလ ၄ ရက်နေ့က နေရပ်ရင်းသို့ပြန်ကုန်ကြပြီဖြစ်ကြောင်း ၊ လက်ရှိအချိန်အထိပစ်ခတ်သံထပ်မကြားရသေးသော်လည်း စိုးရိမ်မှုများဖြင့် နေထိုင်သွားလာနေကြရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article