Thursday, April 25, 2024

လင်မယား စကားများရာမှ ဓားထိုးမှုဖြစ်၊ အမျိုးသမီးသေဆုံး

Must read

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် အတွင်း လင်မယား စကားများရာမှ ဓားထိုးမှု ဖြစ်ပွားကာ အမျိုးသမီး သေဆုံးမှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo by လဲချားဒေသခံ တဦး

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ရက် မွန်လွဲပိုင်း တွင် လဲချားမြို့နယ် မတ်နန်း ကျေးရွာ တွင် လင်မယား စကားများ ရာ ဓားဖြင့်ထိုးမှု ဖြစ်ပွားကာ အမျိုးသမီး သေဆုံးခဲ့ပြီး၊ အမျိုးသားမှာ ဒဏ်ရာဖြင့် ဆေးရုံ တက်နေရကြောင်း ဒေသခံ လုံးပန်တ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ လင်မယား စကားများရာမှ သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၂၈ ကျော်သာရှိပြီး ဒဏ်ရာရသည့် အမျိုးသားမှ ၃၀နှစ် ဝန်းကျင်သာရှိကြောင်း သိရသည်။

Photo by လဲချားဒေသခံ တဦး

“ လင်မယားရန်ဖြစ်တာပါ။ ကျနော်တို့ သွားကြည့်ချိန် ၂ယောက်လုံးက ဓားဒဏ်ရာတွေနဲ့ လှဲနေပြီ။ အစ က လဲချား ဆေးရုံကို ပို့တယ်။နောက် ဆေးရုံကနေပြီးတော့ လွိုင်လင်ဆေးရုံကို ပြန်ပို့တယ်။ အမျိုးသမီးကတော့ ဆုံးသွားတယ်။ အမျိုးသားကတော့ လွိုင်လင်ဆေးရုံမှာပါ” ဟု လုံးပန်တ က ဆိုသည်။

လင်မယား ရန်ဖြစ်မှုသည် အိမ်တွင်းရေး ကိစ္စသာဖြစ်ကြောင်း၊ ယခင်တွင် ထို၂ဦး ရန်ဖြစ်မှု သိပ်မရှိကြောင်း၊ လက်ရှိမှာ ကလေး ၄ယောက်ကျန်ခဲ့ကြောင်းလည်း လုံးပန်တ က ပြောသည်။

“ လင်မယား ရန်ဖြစ်တာ စကားများတာတော့ ဖြစ်တက်ပါတယ်။ ဒါပေမယ့် ဓားနဲ့ထိုးကြ၊ သေကြတဲ့အဆင့်တော့ မဖြစ်သင့်ဘူး။ ကလေးတွေကလည်း ကျန်နေသေးတော့ သူတို့အတွက် ကြည့်ပေးဖို့လိုပါတယ်” ဟု လဲချားမြို့ မှ ဒေသခံ စိုင်းမောင် က ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article