Friday, April 19, 2024

ထိုင်း- မလေးရှားနယ်စပ် တောထဲတွင် မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းနယ်စပ်လုံခြုံရေးတပ်မှ ဖမ်းဆီး

Must read

ထိုင်း- မလေးရှား နယ်စပ် တောထဲတွင် မလေးရှားသို့ သွားကြမည့် မြန်မာ နိုင်ငံသား ၁၃ ဦး ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်း သတင်းစာများ ရေးသားချက် အရသိရသည်။

Photo Credit to komchadluek – ထိုင်း- မလေးရှားနယ်စပ် တောထဲတွင် မြန်မာနိုင်ငံသား ၁၃ ဦး ကိုထိုင်းနယ်စပ်လုံခြုံရေးတပ်မှ ဖမ်းဆီးတွေ့ရှိစဉ်

မလေးရှားသို့ တရားမဝင် ခိုးဝင်ကြမည့် မြန်မာနိုင်ငံသား ၁၃ ဦးတွင်  အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၃ ဦး ပါရှိကြောင်း၊ ထို ၁၃ ဦးသည် အဝတ်လက်ဆွဲအိတ်များ၊ အဝတ်သေတ္တာများဖြင့် ထိုင်း-မလေးရှားနယ်စပ် တောထဲတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

၄င်းတို့အား အောက်တိုဘာလ ၂၁ ရက် ညပိုင်းက ထိုင်းနယ်စပ်လုံခြုံရေးစစ်တပ်ကဖမ်းဆီးမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုတောထဲရှိ မြန်မာအလုပ်သမား ၁၃ ဦးကို စစ်ဆေးကြည့်ရာ  မှတ်ပုံတင် စာရွက်စာတမ်းမရှိ ၊ ခရီးသွားစာရွက် စာတမ်းမရှိ ဟုဆိုသဖြင့် ထိုင်းရဲတပ်ဖွဲ့ မှ ထပ်မံစစ်ဆေးသွားမည် ဟု သိရသည်။

ထို မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ပါက လစဉ် ရူပီ ၁၈၀၀ ( ဘတ် ၁၃၀၀၀ ခန့်၊ မြန်မာကျပ်ငွေဖြင့် ကာလပေါက်စျေး ၆သိန်း ခွဲ နီးပါး) ရရှိကြောင်း သိရသည်။

(Komchadluek သတင်းမှ ဘာသာပြန်ဆိုထားပါသည်)

Leave a Comments

- Advertisement -spot_img

Latest article