Friday, April 19, 2024

တာချီလိတ်မြို့တွင် ထိန်းချုပ်ဓါတုပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၆၀၀ ကျော် ဖမ်းဆီးရမိ

Must read

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျပ်ငွေ သိန်းပေါင်း ၆၀၀ ကျော်တန်ဖိုး ရှိ ဟိုက်ဒရိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ကြေညာထားသည်။

Photo Credit to Kambawza Tai News- ဖမ်းဆီးရမိသော ဟိုက်ဒရိုကရိုရစ်အက်ဆစ်များ

စက်တင်ဘာ ၉ ရက်နေ့ ည ၅ နာရီ တွင် သျှမ်းပြည်နယ် တာချီလိတ်မြို့ တာလော့ ရပ်ကွက် အမှတ်(၁) ချစ်ကြည်ရေး တပ်ဖွဲ့ မှ စစ်ဆေးမှု ပြုလုပ်ရာ ထိန်းချုပ်ဓာတု ပစ္စည်းများ ဖြစ်သည် ဟိုက်ဒရိုကလိုရစ် အက်ဆစ် လီတာပေါင်း ၈၀၀၀ (ကာလပေါက်စျေးသိန်း ၆၆၂.၄ သိန်း) တို့ကို မူးယစ်ရဲတပ်ဖွဲ့ မှ ဖမ်းဆီးရမိကြောင်း သိရသည်။

ထိန်းချုပ်ဓာတုပစ္စည်းများကို သုံးဘီးဆိုင်ကယ်များဖြင့် သယ်ဆောင်လာသူများမှာ အိုက်ဆင်း၊ အောင်သူ၊ မျိုးမင်းသူ၊ စိုင်းလှအောင်၊ အိုက်လူ၊ နန်းဝင်း နှင့် မင်းမင်းတို့ ဖြစ်သည်ဟုသိရ

ဟိုက်ဒရိုကလိုရစ် အက်ဆစ် သယ်ဆောင်လာသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေ အရ အမှုဖွင့် အရေးယူထားပြီးကွင်းဆက်များဖော်ထုတ်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article