Friday, March 29, 2024

လားရှိုးမြို့ တွင် ဓားရှည်ကိုင် ရမ်းကားသူ တဦး ကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒဏ်ရာရ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ တွင် အရက်မူးပြီး ဓားဖြင့် ရမ်းကားနေသည့် အမျိုးသား အား ရပ်ကွက် အုပ်ချုပ်ရေးမှူး က ၀င်ရောက်ဟန့်တားရာ အရက်မူးသူက ဓားဖြင့်ခုတ်သည်ဟု သတင်းရရှိသည်။

Photo credit to Lashio Media – စောရွှေနှင့် ၄င်း၏ဓါး

ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက်နေ့လည်ပိုင်းက လားရှိုးမြို့ အမှတ်(၆) ရွှေလီ ရပ်ကွက်တွင် အရက်မူးပြီးလမ်းသွားလမ်းလာများအား ဓားကိုင်ကာ ရမ်းကားဆဲဆိုနေသော စောရွှေ ဆိုသူ အား ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖိုးကြွယ်က သွားရောက် ဖြန်ဖြေဟန့်တားသောအခါ ဓားရှည်ဖြင့် ခုတ်မိကြောင်း သိရသည်။

“ ဓါးနဲ့ရမ်းနေတဲ့အမူးသမားကို အုပ်ချုပ်ရေးမှူး ဦးစိုင်းဖိုးကြွယ်က သွားထိန်းတယ်။ သွားထိန်းတော့ သူ့ဓါးက ဦးဖိုးကြွယ်ကိုခုတ်မိသွားတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး ” ဟု လားရှိုး ဒေသခံ ကိုနေမျိုးက သျှမ်းသံတော်ဆင့် ကို ပြောပြသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ထိခိုက် ဒဏ်ရာရအောင် ပြုလုပ်သော စောရွှေ ဆိုသူအားလားရှိုး မြို့ မရဲစခန်း တွင် (ပ) ၂၅၅/၁၉ ၊ရာဇ သတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article