Tuesday, April 23, 2024

သျှမ်းပြည်နယ်သည် ဓါတုမူးယစ်ဆေးဝါး များထုတ်လုပ်နိုင်ရန် အတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေသည် ဟုဆို

Must read

သျှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်စပ် တည်ရှိနေသည့်အတွက် ဓါတုမူးယစ်ဆေးဝါး များထုတ်လုပ်နိုင်ရန် အတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေကြောင်း သျှမ်းပြည်နယ် မူးယစ်ဆေး ၀ါးများနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့က ပြောသည်။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပခဲ့သည်။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

၄င်းအခမ်းအနားတွင်သျှမ်းပြည်နယ် မူးယစ်ဆေး ၀ါးများနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့အတွင်း ရေးမှူး သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က –

“ သျှမ်းပြည်နယ်တစ်ခုလုံးခြုံကြည့်မယ်ဆိုရင် ဘိန်းစိုက်ပျိုးမှုနဲ့ထုတ်လုပ်မှုဟာ ကိန်း ဂဏာန်းများအရ လျော့နည်းကျဆင်းသွားမှာ ဆိုပေမဲ့ ဓါတုပစ္စည်းနဲ့ထုတ်လုပ် တဲ့မူး ယစ်ဆေးဝါး များဖမ်းဆီးရမိမှုဟာ ပိုမိုများပြားလာပြီး မူးယစ်မှုနဲ့တရားခံဖမ်းဆီးမှု ဟာလဲ ပိုမိုများပြားလာတာကိုတွေ့ရပါတယ် ” ဟု အဖွင့်မိန့်ခွန်း ပြောဆိုရာတွင်ထည့်သွင်းပြောကြားခဲ့သည် ။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

တစ်နိုင်ငံလုံးဖမ်းဆီးရမိသည့် မူးယစ်အမှုများအား လေ့လာကြည့်လျှင် သျှမ်းပြည်နယ် အတွင်း ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးအမှုများသည် ဓါတုမူးယစ်ဆေးဝါး ထုတ်လုပ် သည့် စက်နှင့် ကုန်ကြမ်းပစ္စည်းများပါ၀င်ခဲ့သည် ဟု ၄င်းထံမှ ဆက်လက် သိရသည် ။

သျှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအခြေအနေများမှာ ၂၀၁၅ခုနှစ်တွင် အမှုပေါင်း ၂၂၆၃ မှု၊ တရားခံပေါင်း၃၁၂၂ ဦး ၊ ၂၀၁၆ ခုနှစ်တွင် အမှုပေါင်း ၂၅၁၆ မှု ၊ တရားခံပေါင်း ၃၈၇၄ ဦး ၊ ၂၀၁၇ ခုနှစ်တွင် အမှုပေါင််း ၂၄၃၄ မှု ၊ တရားခံပေါင်း ၃၃၃၀ ဦး ၊၂၀၁၈ ခုနှစ်တွင် အမှုပေါင်း ၂၈၈၆ မှု ၊တရားခံပေါင်း ၃၉၉၈ ဦး ဖမ်းဆီးအရေးယူနိုင် ခဲ့ပြီး ယခုနှစ် ၂၀၁၉ ခုနှစ်အတွင်းယနေ့အထိမူးယစ် အမှုပေါင်း ၈၆၀ ကျော်နှင့် တရားခံပေါင်း ၁၁၈၆ ဦးကို ဖမ်းဆီးအရေးယူခဲ့ ပြီးဖြစ်ကြောင်း သိရသည် ။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျက်ဆီးမှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂ သန်းကျော် ၊ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော် ၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော် ၊ ၂၀၁၈ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၀၉ သန်းကျော် နှင့် ယခုနှစ် မှာလဲ အမေရိကန်ဒေါ်လာ ၁၃၄ သန်းခန့်တန်ဖိုးရှိကြောင်း သျှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ စာရင်းများအရသိရှိရသည် ။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ရောက်တိုင်း သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကျင်းပခဲ့သည်မှာ ယခုနှစ်တွင် နဝမအကြိမ်မြောက် ရှိပြီဖြစ်ကြောင်းလည်းသိရပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article