Wednesday, April 24, 2024

တာချီလိတ် အတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေး ကျပ်သိန်း ၄ သောင်းကျော်နှင့် လက်နက်များ သိမ်းဆည်းရမိ

Must read

တာချီလိတ်မြို့နယ် အတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး တန်ဖိုး ကျပ်ငွေ သိန်း ၄ သောင်းကျော် နှင့် လက်နက်များ သိမ်းဆည်း ရကြာင်း သတင်းရရှိသည်။

Photo Credit to Ye Zar Ni Facebook

တာချီ်လိတ်မြို့နယ် ပါခါးကျေးရွာရှိ ရေမြောင်းအနီး၌ ဇွန် ၁၄ ရက် နေ့လည် ၃နာရီ တွင် မူးယစ်ဆေးဝါး တာလပတ်စ/သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် မသင်္ကာဖွယ် ဆာလာအိတ် ၂၁ အိတ်ကို စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၂.၅၄ သိန်းပြား(၁ ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၄၂,၅၄၀ သိန်း)၊ စိတ်ကြွဆေးမှုန့် ၁.၉ ကီလို(၁ ကီလိုလျှင်ကျပ် ၁၀၀ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၁၉၀ သိန်း)၊ ကတ်တမင်း ၉၀၀ ဂရမ်(၁ ဂရမ်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၉၀ သိန်း)၊ ဘိန်းညိုမှုန့် ၅ ကီလို(၁ ကီလိုလျှင် ကျပ်သိန်း ၁၂၀ နှုန်းဖြင့် တန်ဖိုးကျပ် ၆၀၀ သိန်း)တို့ကို တပ်မတော်နှင့် မြန်မာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

ထိုပြင် သေနတ် အမျိုးအစား အစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊ စကားပြောစက် ၄ လုံးတို့အားပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

Photo Credit to Ye Zar Ni Facebook

ထို့နည်းတူ ဇွန်လ ၁၄ ရက် နေလည် ၁ နာရီခန့် တွင် လည်း တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးရှိ ၁ ထပ်တိုက် ကို မသင်္ကာ၍ ဝင်ရောက်ရှင်းလင်းရာ ဘိန်းဖြူ ၅.၃ ကီလို ( ၁ ကီလိုလျှင် ကျပ် ၁၆၀ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၈၄၈ သိန်း)နှင့် မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article