Thursday, March 28, 2024

CATEGORY

စစ်ရေး

လားရှိုးမြို့မှ အရှေ့မြောက်ဘက်ကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

သျှမ်းပြည် လားရှိုးမြို့ မှ အရှေ့မြောက်ဖက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လားရှိုးမြို့တွင် ယမန်နေ့ မတ်လ ၂၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က မြို့တွင်း မှ အရှေ့မြောက်ဖက် ကို ပိန်းခန်ရွာအနီးကို လက်နက်ကြီးများဖြင့်...

မူဆယ်မြို့ တစ်ရက်တည်း လူပြန်ပေးဆွဲမှု ၂ ကြိမ်ဖြစ်ပွား၊ ဓားပြတိုက်ခံရမှု နေ့စဉ်နီးပါး ရှိနေ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တစ်ရက်အတွင်း လူပြန်ပေးဆွဲပြီး ငွေခြိမ်းခြောက်တောင်းဆိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၈ နာရီခန့်က မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ဖူလီလိုက်ဟိုတယ်အနီး ဖုန်းအရောင်းဆိုင်ကို အမည်မသိ အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်လာပြီး ဆိုင်ရှင်ကို...

နိုင်ငံတဝှမ်း စစ်မှုထမ်း လူငယ် ၅,၀၀၀ စတင်ခေါ်ယူစု၊ လစဥ် အနည်းဆုံး လူ ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ခေါ်မည်

စစ်ကောင်စီ မတရားပြဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အထမ အသုတ်အဖြစ် နိုင်ငံတဝှမ်းမှ လူငယ် ၅,၀၀၀ ကို စစ်မှုထမ်းရန် စတင် စုဆောင်းနေပြီဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ နိုင်ငံတဝှမ်း စစ်မှုထမ်းရန် စာရင်းရယူ စုဆောင်းထားသူများကို...

သားသမီးများ ‘ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဖို့’ ဆုံးမဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖွင့်ဟ

သားသမီးများကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဖို့ ဆုံးမခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က နေပြည်တော်၌ ရုရှား သတင်းဌာန TASS နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဖွင့်ဟပြောဆိုလိုက်သည်။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဆိုသကဲ့သို့ အမြဲတမ်း စိတ်ကို သန့်သန့်ရှင်းရှင်းထားဖို့ သားသမီးများအား ဆုံးမပေးသည်ဟု စစ်ခေါင်းဆောင်က မတ်လ...

စစ်ကောင်စီ ကင်းလှည့် ပြည်သူ့နေအိမ်တွင်အိပ်၊ထမင်းဟင်းချက်ကျွေးခိုင်း

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ကင်းလှည့်ကာ ပြည်သူနေအိမ်များပေါ်တက်နေခြင်း၊ ဒေသခံများကို ထမင်းဟင်းချက်ကျွေးခိုင်းနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ပထမ ပတ်မှစ၍ လက်ရှိအချိန်ထိ လောင်းလုံ၊ရွှေကြာလီ ၊ ကွမ်းတောအင်း စသည့် ကျေးရွာအုပ်စု များတွင် ကင်းလှည့်ကာ ပြည်သူ နေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊...

နောင်ချို စစ်မှုထမ်း မဲပေါက် လူငယ်များ ပြင်ဦးလွင် စစ်သင်တန်းပို့

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်မှုထမ်းရန် မဲစာရင်းပေါက်သည့် လူငယ်များကို ပြင်ဦးလွင်သို့ စစ်သင်တန်းတက်ရန် ပို့ဆောင်နေကြောင်း စုံစမ်းသိရသည်။ မတ်လ တတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ အထွေထွေအုပ်ချုပ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး လဝက တို့မှ စစ်မှုထမ်းရန် အသက်ပြည့်မီသည်ဟု ဆိုသော (၁၈)နှစ်အထက် လူငယ်စာရင်းများဖြင့်...

ဆီဆိုင်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ တင့်ကားအသုံးပြု ပစ်ခတ်နေဟု PNLA ပြော

သျှမ်းပြည် ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်ဘက် နေ့စဉ်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တင့်ကားပါအသုံးပြု ပစ်ခတ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ၏ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောကြားသည်။ မတ်လ ၂၄ ရက်တွင် ကျရောက်သည့် စိန်ရတု ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင်လည်း စစ်ကောင်စီတပ် က...

တိုက်ပွဲပြင်းထန်သည့်ကြား (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အကြီးအကျယ်ကျင်းပ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တိုက်ပွဲပြင်းထန်သည့်ကြားက အကြီးအကျယ် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၄ ရက်) တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တောင်ကြီးမြို့ ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီႏဗွေကွင်ꩻ) ၌ အကြီးအကျယ် ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားသို့...

ပင်လောင်းမြို့နယ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF မှခိုးယူနေဟု ဓာတ်ပုံသတင်းမှားဖြန့်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ဖွဲ့မှကားများဖြင့် လာရောက်ခိုးယူနေကြောင်း သတင်းမှားဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပင်လောင်းဒေ ပအိုဝ်းကျေးရွာတွေမှာ KNDF ပူးပေါင်းအဖွဲ့က တိုက်ပွဲတွေ...

လားရှိုးမြို့နယ် ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ဒေသကို ‘ဝ’တပ်ဖွဲ့က လမ်းဖောက်

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က လမ်းဖောက်လုပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းမှ စတင်၍ လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန်...

Latest news