Thursday, April 18, 2024

NCA လက်မှတ်ထိုးသည့်တိုင်းရင်းသား ၁၀ ဖွဲ့ နယ်စပ်တွင်တွေ့ဆုံမည်

Must read

NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ထိုင်းနယ်စပ်တနေရာတွင်တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။

ဟုတ်ပါတယ်။ တွေ့ဆုံဖို့ရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့ရက်မှာဆုံမယ် ဘယ်မှာဆုံကြမယ် ဆိုတာတော့ ကျနော်တို့မပြောနိုင်သေးပါဘူး။ ရှေ့ဆက်မှာဘယ်လိုလက်တွဲ သွားမလဲ။ အနာဂတ်နိုင်ငံရေး စစ်ရေးတွေမှာ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကွန်းဆက်တွေ မူဘောင်တွေဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးဖို့အတွက်ဖြစ်ပါတယ် – ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းကပြောဆိုလိုက်သည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ လာမည့်ဖေဖေါ်ဝါရီလ ၁၈-၁၉ ရက်နေ့ ထိုင်းနယ်စပ်တနေရာတွင်တွေ့ဆုံကြမည်ဟုဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU က နေပြည်တော် MICC 2 ခန်းမတွင် တနိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးရာ လက်ရှိတွင် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ရှိလာပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။

UNFC ၏ ကျန်ရှိအဖွဲ့ဝင် ၄ ဖွဲ့ ကျန်ရှိသည့်အနက် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ LDU တို့ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း လက်ရှိတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ရခိုင်အမျိုးသားကောင်စီ ANC ၂ ဖွဲ့သာကျန်ရှိခဲ့ပါသည်။

ဦးသိန်းစိန်အစိုးရလက်ထက်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့အကြား NCA လက်မှတ်ရေးထိုးခြင်းကို ၂၀၁၅ ခုနှစ်အောက်တိုဘာလ ၁၅ ရက် က ပြုလုပ်ခဲ့သည်။ ထိုစဉ်က KNU ၊ KNLA-PC ၊ DKBA၊ RCSS/SSA ၊ ABSDF၊ ALP ၊ CNF ၊ PNLO အဖွဲ့တို့ NCA လက်မှတ်ရေး ထိုးခဲ့ကြခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article