Friday, April 19, 2024

အမျိုးသမီး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်ကြီးမြို့တွင်ဆွေးနွေး

Must read

အမျိုးသမီး ငြိမ်းချမ်းရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် များအား ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ်တရပ်ကို သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့တွင်ကျင်းပခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးခြင်းအား Women and Peace Action Network ရုံးခန်းတွင်ဖေဖော်ဝါရီ ၂ ရက်နေ့ကဆွေးနွေးခဲ့သည် ။

ပြည်ထောင်စုအဆင့် အမျိုးသမီးရေး ရာကော်မတီ၏ ဆောင်ရွက်ချက်များ လှုပ်ရှားမှုများအား ပြည်နယ် ရှိအမျိုးသမီး အရေးလှုပ်ရှားနေသောအဖွဲ့ အစည်း များနှင့် NGO အဖွဲ့တစ်ချို့တို့ကြား ချိတ်ဆက်မှုအားနည်းနေခြင်း ကြောင့် သတင်းအချက်အလက် အပြန်အလှန်မျှဝေမှုအားကောင်းလာစေရန် ဆွေးနွေးခြင်းဖြစ်သည်ဟု WAPAN အဖွဲ့မှ ဒေါ်သန္တာဦးကပြောသည် ။

” အဓိကဒီနေ့ဆွေးနွေးဖြစ်တာကတော့ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီနဲ့ တစ်ခြားအမျိုးသမီးအရေးလှုပ်ရှားနေ တဲ့အဖွဲ့အစည်း တွေကြားမှာ ချိတ်ဆက်မှုအားနည်းနေတာရယ်ပြည်ထောင်စု အဆင့် အမျိုးသမီးရေးရာကော်မတီတွေနဲ့တစ်ခြားအမျိုးသမီးအရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းကြားချိတ်ဆက်မှုအား ကောင်းလာဖို့ ဘာတွေလုပ်ကြမလဲ ဆိုတာ ဆွေးနွေးတာပေါ့ ” ဟု ၄င်းကဆက်ပြောသည် ။

အဆိုပါအစည်းအဝေးပွဲကို SSWDO ၊ SWAN ၊ Youth Center ၊ DSW ၊ မျိုးစက်သစ် (သျှမ်းပြည်) စသည့် တောင်ကြီးမြို့ပေါ်ရှိ အမျိုးသမီးအဖွဲ့များမှ တက်ရောက်ဆွေး နွေးခဲ့သည်ဟု သိရှိရပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article