Saturday, April 20, 2024

တအာင်း TNLA နှင့် သျှမ်းတပ်ဖွဲ့ RCSS/SSA တို့ ပထမအကြိမ် တရားဝင် ပဏာမတွေ့ဆုံမှုပြုလုပ်

Must read

ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် သျှမ်းပြည်ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တို့ တရားဝင်ပဏာမ တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း တအာင်း သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်လိုက်သည်။

ဂျန္နဝါရီလ ၂၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့် ကြေငြာချက်တွင်TNLA နှင့် RCSS တို့အကြား ဖြစ်ပွါးနေသော ပဋိပက္ခများအဖြေရှာနိုင်ရန် အစပြုဆွေးနွေးခြင်းဖြစ်ကြောင်း ပါရှိပါသည်။

ပထမအကြိမ် တရားဝင် ပဏာမတွေ့ဆုံပွဲကို ဂျန္နဝါရီလ ၂၂ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တ နေရာ၌ပြုလုပ်ရာ RCSS/SSA ဘက်က ဒု ဗိုလ်မှူးကြီးစိုင်းဦး ဦးဆောင်သည့် အဖွဲ့ဝင်ကိုယ်စားလှယ် ၅ ဦး၊ PSLF/TNLA ဘက်ကမူ တားအိုက်မောင်း၊ တားပန်လ၊ တကလူး ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ဦး အစရှိကိုယ်စားလှယ်များ တွေ့ဆုံကြကြောင်း သိရသည်။

၂ ဘက်အပစ်အခတ်ရပ်စဲမှုပြုလုပ်နိုင်ရန်နှင့် ဖြစ်ပွါးနေသော ပဋိပက္ခများ အဖြေရှာနိုင်ရန်အတွက် အဆင့်မြင့်ခေါင်းဆောင်များအကြား ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန်သဘောတူကြောင်း ကြေငြာချက်တွင်ပါရှိပါသည်။

တအာင်းတပ်ဖွဲ့ TNLA နှင့် သျှမ်းတပ်ဖွဲ့ RCSS/SSA တို့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင် ဘာလကစပြီးတိုက်ပွဲများဖြစ်ပွါးလာခဲ့ရာ ၂ နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ် တရားဝင်ပြန်လည်တွေ့ ဆုံဆွေးနွေးနိုင်ခြင်းဖြစ်သည်။

TNLA နှင့် RCSS တို့သည် တဘက်ကတွေ့ဆုံသော်လည်း ကျောက်မဲ မြို့နယ် နှင့် နမ့်ဆန်မြို့အတွင်းတွင် ဂျန္နဝါရီ တတိယ ပတ်အတွင်း တိုက်ပွဲပေါင်း ၃၈ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု ဒေသအတွင်းတပ်မှူးများက ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် သျှမ်း လက်နက်ကိုင်တပ်ဖြစ်ပြီး PSLF/TNLA ပလောင်လက်နက်ကိုင်တပ်ကမူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ မှာပါဝင်ပြီး NCA စာချုပ်လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားကာ တခြားနည်းလမ်းဖြင့် နိုင်ငံရေးဆွေးနွေးရန် ကြိုးစားနေသည့်အဖွဲ့ဖြစ်ပါသည်။ အစိုးရ နှင့် တပ်မတော် ကလည်း PSLF/TNLA ကို NCA လက်မှတ်ရေးထိုးရန်လက်မခံသည့်အပြင် အကြမ်းဖက်အဖွဲ့သဖြစ်လဲ တပ်မှတ်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article