Thursday, April 25, 2024

တလအတွင်း အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွါး

Must read

၂၀၁၈ ဂျန္နဝါရီလ ယခုလအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်အစိုးရတပ်မတော်တို့ ၃ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။

ဂျန္နဝါရီလ ၂၁ ရက်က သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ် မိုင်းငေါ့တွင်လည်းကောင်း၊ ဂျန္နဝါရီလ ၆ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံအုပ်စုတွင် ၂ ကြိမ် တိုက်ပွဲများဖြစ်ပွါး ခဲ့ပါသည်။

RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းဦးက – မှန်တယ်။ ကျနော်တို့တပ်ဖွဲ့နဲ့ အစိုးရတပ်မတော် ဒီလအတွင်းတိုက်ပွဲ ၃-၄ ကြိမ်ဖြစ်ပွါးခဲ့ပါတယ်။ ကျောက်မဲမြို့နယ် အတွင်းတော့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ကျောက်မဲမြို့နယ်အတွင်းဖြစ်ပွါးသောတိုက်ပွဲတွင် RCSS/SSA မှ နယ်မြေကျူးကျော်မှုကြောင့် ပစ်ခတ်ရသည်ဟုဆိုပြီး RCSS တပ်သား၏အလောင်း ၂ လောင်းနှင့် သေနတ် ၂ လက်ကိုဖမ်းဆီး ရမိကြောင်း အစိုးရ၏ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားသည်။

RCSS/SSA သည် အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ၂၀၁၅ မှစ၍ အစိုးရတပ်မတော်နှင့် တိုက်ပွဲပေါင်း အကြိမ် ၂၀ ထက်မနည်းဖြစ်ပွါးခဲ့ပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်လ ဒီဇင်ဘာလ (၂၀၁၇) ကမူ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပိန်းကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်နှင့် RCSS/SSA ကြား တိုက်ပွဲပေါင်း ၄ ကြိမ် ဖြစ်ပွါးခဲ့ကြောင်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article