Friday, April 19, 2024

ယာဉ်အန္တရာယ်ကင်းရှင်းစေ တောင်ကြီးမြို့တွင် သတိပေးလက်ကမ်းစာစောင်များဖြန့်ဝေ

Must read

ယာဉ်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်ကာ တောင်ကြီးမြို့ မင်းလမ်းပေါ် ယာဉ်မောင်းနှင်သွားလာနေသည့်ဒေသခံများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ မှ ပညာပေးလက်ကမ်းစာစောင်များဝေငှနေကြောင်းသိရသည်။

ဂျန္နဝါရီလ ၂၃ ရက် ရက်နေ့က ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ က တောင်ကြီးမြို့ ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ ရှေ့တွင် ယာဉ်အန္တရယ်ကင်းရှင်းစေရန် ပညာပေးလက်ကမ်းစာစောင် သုံးထောင်ကျော်နှင့် တီရှပ်အကျီအထည် နှစ်ရာခန့် အား ခရီးသွားပြည်သူများအား ဝေငှပေးခြင်းဖြစ်ပါသည် ။

၂၀၁၇ ခုနှစ်အတွင်း သျှမ်းပြည်နယ်(တောင်ပိုင်း) တွင် ယာဉ်တိုက်မှုပေါင်း ၄၆၂ မှု ရှိပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ရာဝန်းကျင်ခန့်ရှိကာ ဒဏ်ရာရသူ ရ၀၀ ကျော် ရှိသည်ဟု တောင်ကြီးမြို့ အမှတ်(၁၈)ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး အချက်အလက်အရ သိရသည် ။

တောင်ကြီးမြို့အတွင်းသာမက သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နှင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တို့တွင်လည်း ယာဉ်တိုက်မှုအများဆုံးဖြစ်နေကြောင်း၊လိုင်စင်မဲ့ယာဉ်များ အဆမတန်များပြားလာမှု စည်းမဲ့ကမ်းမဲ့ယာဉ်မောင်းနှင်မှုများကြောင့် ထိုသို့ ယာဉ်တိုက်မှုများ မပြတ်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article