Friday, April 19, 2024

UWSA ‘ဝ’ ဗဟိုကော်မတီအစည်းအဝေး ထိပ်ပိုင်းခေါင်းဆောင်တိုးချဲ့ခန့်အပ်

Must read

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA ဗဟိုအစည်းအဝေးတရပ်ကို ယခုလဆန်းပိုင်းက ကျင်းပရာထိပ်ပိုင်းခေါင်းဆောင် များအား တိုးချဲ့ခန့်အပ်ခဲ့ပြီး တချို့ မှာရာထူးပြောင်းလဲမှုရှိကြောင်း သိရသည်။

ဂျန္နဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၀ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ ဗဟို အစည်း အဝေးကို ပန်ဆန်းတွင်ကျင်းပရာ အစည်းအဝေးတက်ရောက်သူ ၂၉၀ နီးပါးရှိကြောင်း သိရသည်။

အစည်းအဝေးတွင် ရှိရင်းစွဲဖြစ်သော ဉက္ကဌကြီးပေါက်ယူချမ်း၊ ဒုဥက္ကဌ ရှောက်မင်လျှံ တို့အပြင် ဒု ဥက္ကဌ ၂ ကျောက်ကော်အန်းနှင့် ဒုဥက္ကဌ ၃ ပေါက်ယိုလျံ ( ဥက္ကဌကြီး ပေါက်ယူချမ်း၏ညီ) တို့ ၂ ဦး အားထပ်မံခန့်ထားခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် ဥက္ကဌကြီးပေါက်ယူချမ်း၏တူများဖြစ်သော ပေါက်အိုက်ရုန်း ကို တပ်မဟာ ၃၁၈ မှူး အဖြစ်လည်းကောင်း၊ ပေါက်အိုက်ပန်းအား တပ်မဟာ ၄၆၈ မှူးအဖြစ်လည်းကောင်း အသီးသီး ဆက်လက်ခန့်ထားသည်။

၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီမှခွဲထွက်ပြီးနောက်ပိုင်း ၀ တပ်ဖွဲ့ကို ကျောက်ညီလိုင် ကဦးဆောင်လာခဲ့ရာ ကျောက်ညီလိုင်ကျန်းမာရေးချို့ယွင်းချက်ရှိလာသည့်နောက် ဦးပေါက်ယူချမ်းက ဥက္ကဌတာဝန် ပြောင်းယူလိုက်သည်မှာယနေ့တိုင်ဖြစ်ပါသည်။

သက္ကရာဇ် ၂၀၀၀ ခုနှစ် မြောက်ပိုင်းပန်ဆန်းမှ တောင်ပိုင်း မိုင်းတုံဘက်သို့ ၀ လူမျိုး ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ယနေ့အချိန်အထိ တောင်ပိုင်းထိုင်းနယ်စပ်တွင် ၀ တပ်ဖွဲ့အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ တပ်မဟာ ၅ ခု (၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ ) ရှိပြီး၊ မြောက်ပိုင်း တရုတ်နယ်စပ်တွင်မူ ပန်ဆန်း ဗဟိုဌာနချုပ် အထူး တပ်မဟာ အပါအဝင် တပ်မဟာ ၄ ခု ( ၃၁၈ ၊ ၄၁၈ ၊ ၄၆၈ မိုင်းပေါက် နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈) တို့ရှိပါသည်။

Leave a Comments

- Advertisement -spot_img

Latest article