Tuesday, April 16, 2024

နမ့်ခမ်းမြို့တွင် ရ၁ နှစ်မြောက် သျှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေးအတွက် လူထုတွေ့ဆုံဆွေးနွေးပြင်ဆင်

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လာမည့်ဖေဖော်ဝါရီလ ၆ ရက်နှင့် ရ ရက်နေ့တို့တွင် ကျရောက်သည့် ရ၁ နှစ်မြောက် သျှမ်းပြည်နယ်နေ့ (သို့) သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားအား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပွဲကျင်းပရေးကော်မတီမှ တွေ့ဆုံဆွေးနွေးမှု တရပ်ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုကို ဂျန္နဝါရီလ ၁၀ ရက်နေ့က ကျားဖြူပါတီရုံးတွင်ပြုလုပ်ခဲ့ရာ လူဦးရေ ၅၀ ခန့်တက်ရောက်ခဲ့သည်။ ပွဲဖြစ်မြောက်ရေးအတွက် နမ့်ခမ်းမြို့နယ်ကျားဖြူပါတီနှင့် လူမှုညီညွတ်ရေးအသင်း UP တို့ ဦးစီးကာ ကော်မတီကိုလည်းဖွဲ့စည်းခဲ့ကြောင်းလည်း ကော်မတီဝင်တဦးဖြစ်သည့် စိုင်းစိုင်းက ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက် ဖွင့်ပွဲလုပ်မယ် ရ ရက်နေ့ညအထိပေါ့။ ပွဲက ၂ ရက်ကျင်းပမယ်- ဟု စိုင်းစိုင်းကပြောသည်။

စေတနာရှင်များအနေဖြင့် ပွဲတော်အတွက် ရံပုံငွေများကို ဂျန္နဝါရီလ ၁၁ ရက်နေ့ကစပြီး ကျားဖြူပါတီရုံးတွင်လာရောက်ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း၊ ပွဲတော်ကာလ လုံခြုံရေးအတွက် ဒေသခံပြည်သူလူထုနှင့်ပူးပေါင်းကာ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲဆုံးဖြတ်ချက်အရသိရသည်။

UP လူမှုညီညွတ်ရေးအသင်းကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဖွဲ့စည်းတည်ထောင် ကြောင်းသိရပါသည်။

Photo: နမ့်ခမ်းသူ နမ့်ခမ်းသားများ facebook

Leave a Comments

- Advertisement -spot_img

Latest article