Wednesday, April 24, 2024

သျှမ်းအမျိုးသားအဆင့်အတွက် ပင်လုံလူထုတွေ့ဆုံပွဲ ထပ်မံဟန့်တားခံရ

Must read

နိုင်ငံတော်အစိုးရထံ တင်ပြဆွေးနွေးပြီး ပင်လုံလူထုနှင့်ဒုတိယအကြိမ် တွေ့ဆုံသည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုသဘောထားကောက်ယူရေးကော်မတီအား တပ်မတော်မှ ဒုတိယအကြိမ်ထပ်မံ ဟန့်တားသည်ဟု တွေ့ဆုံရေးကော်မတီဝင်များ ပြောပြချက်အရသိရသည်။

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဒီဇင်ဘာလ ၂၁ ရက် ယနေ့မနက်ပိုင်းက သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲထပ်မံပြုလုပ်ရန် စီစဉ်နေစဉ် မြန်မာ့တပ်မတော်မှအင်အားသုံးဝင်ရောက်တားဆီးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၇ ရက်က ကျင်းပရန် ပထမအကြိမ်က စီစဉ်နေစဉ် ရလခတိုင်းမှညွှန်ကြားမှုဖြင့် လွယ်လင်တပ်နယ်မှ စစ်အင်အားသုံးကာဝင်ရောက်တားဆီးခဲ့သဖြင့် တွေ့ဆုံပွဲပျက်ပြယ်ခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article