Saturday, April 20, 2024

ယခုနှစ် သီရိလင်္ကာနိုင်ငံ ကေလာနိယတက္ကသိုလ်တွင် သျှမ်းသံဃာတော် ၁၀ ပါး ဘွဲ့ဆွတ်ခူးရရှိ

Must read

၂၀၁၆ ခုပညာသင်နှစ်အတွက် သီရိလင်္ကာနိုင်ငံ ကေလနိယတက္ကသိုလ်မှ B.A ဘွဲ့ရသူများအား ဆုချီးမြင့် ရာတွင် သျှမ်းသံဃာတော် ၁၀ ပါး B.A ဘွဲ့ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

B.A ဘွဲ့ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ကပေးအပ်ချီးမြှင့်ရာ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှ သံဃာတော် ၂ ပါး၊ လဲချားမြို့မှ သံဃာတော်တော် ၃ ပါး၊ မိုင်းကိုင်မြို့မှာ ၁ ပါး၊ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှ ၂ ပါး ၊နမ့်ခမ်းမြို့မှ ၁ ပါးနှင့် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှ ၁ ပါးတို့က ဘွဲ့တော်များဆွတ်ခူးရရှိခဲ့သည်။

ဘွဲ့ဆွတ်ခူးရရှိသည့် လင်းခေးမြို့ တိနျုရွာမှ အရှင်ကုသလက “ ဒီနှစ် B.A ဘွဲ့ရတဲ့ သျှမ်းသံဃာတော် ၁၀ ပါးရှိတယ်။ ဦးဇင်းကတော့ M.A ဆက်တက်ပါမယ်။တခြားသံဃာတော်တွေတော့ တချို့လဲဆက်တက်မယ်။ လာမယ့်ဇန်နဝါရီလမှာ ဒီတက္ကသိုလ်က ကျောင်းသားသစ်လက်ခံတော့မယ်။ ကျောင်းတက်ဖို့စီစဉ်ထားတဲ့ သူတွေကို သတိပေးလိုက်ပါတယ်” ဟု သျှမ်းသံတော်ဆင့်အားမိန်တော်မူသည်။

ယခုနှစ် ကေလာနိယတက္ကသိုလ်မှ ကျောင်းသား ၅၀၀ ကျော်ကို ဘွဲ့ချီးမြင့်ပေးအပ်ရာ သံဃာတော်အပါး ၅၀ ပါ၀င်ကြောင်း၊ ထိုအနက် သျှမ်းသံဃာတော် ၁၀ ပါး ပါ၀င်ကြေင်းသိရပါသည်။

သံဃာတော်များအား သွားရောက်ဂုဏ်ပြုသည့် ဆွေမျိုးမိဘများ ၄၀ ကျော်ရှိကြောင်းသိရသည်။

ဘွဲ့ရသံဃာတော်အရှင်ကုသလ၏ အမဖြစ်သူ နန်းခမ်းလွတ်က “ ဘွဲ့ရသံဃာတော်တွေအားလုံးကို ဂုဏ်ယူတယ်။ ကျောင်းဆက်တက်မယ်ဆိုတဲ့သံဃာတော်တွေကိုလည်း ကြိုးစားပါလို့ပြောချင်တယ်။ ကျောင်းပြီးရင်တော့ နေရပ်ပြန်ပြီး ဒေသတွင်းသာသနာတော်အကျိုးသယ်ပိုးပါ၊ဒေသတွင်းလူထုရဲ့ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်မှု တွေကိုဆောင်ရွက်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ” ဟုပြောဆိုသည်။

၁၉၉၁ ခုနှစ်က ဒေါက်တာ ဓမ္မသာမိ သီရိလင်္ကာနိုင်ငံ ကေလာနိယတက္ကသိုလ်တွင် ၀င်ရောက်ပညာဆည်းပူးခဲ့ပြီးနောက်ပိုင်း အဆိုပါတက္ကသိုလ်တွင် သျှမ်းသံဃာတော်များ နှစ်စဉ်ပညာဆည်းပူးခဲ့ရာ ယခုနှစ်လည်း ပညာသင်နေဆဲ သံဃာတော် အပါး ၈၀ ခန့်ရှိကြောင်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article