သျှမ်း၊မြောက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်တင်မြောက်ရေးအသိပညာဆွေးနွေးပွဲ သျှမ်းလူမှုအသင်းအဖွဲ့မှ ပြုလုပ်

0

သျှမ်းလူမှုအခြေပြုအဖွဲ့အစည်းများစုပေါင်းကာ ရပ်ကျေးအုပ်ချုပ်ရေးရွေးချယ်ရေးနှင့်ပတ်သက်သည့် အသိပညာပို့ချခြင်းသင်တန်းကို သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်ကျင်းပခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ရ ရက်နေ့က လားရှိုးမြို့နယ် တာ့ပုံအုပ်စုရှိ ကော်တိုင်းရုံးတွင် အဆိုပါသင်တန်းပြုလုပ်ရာ စုစုပေါင်းလူဦးရေ ၉၀ ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

“ဒီကာလမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်တင်မြှောက်ရေးလုပ်နေတဲ့အချိန်ပေါ့နော်။ ကိုယ့်ရပ်ရွာလူထုအတွက် အကျိုးပြုမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုရွေးချယ်တတ်အောင်အသိပညာပေးရုံပါဘဲ”- ဟု တွေ့ဆုံရေးဖြစ်မြောက်ရေးအတွက်စီစဉ်ဆောင်ရွက်သည့် စိုင်းလိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သင်တန်းသို့ ဆရာဒေါက်တာစိုင်းဆန်အိုက်၊ ကော်တိုင်းကျောင်းမှ ဆရာနှင့်ကျောင်းသားများ၊ လူငယ်အဖွဲ့၊ တိုင်းကော့လီ၊ သျှမ်းစာပေယဉ်ကျေးမှု၊ ဓမ္မစကူး၊ ဓမ္မမေတ္တာ၊ TYO ၊ TYN လူငယ်အဖွဲ့ တို့တက်ရောက် ခဲ့ပါသည်။

ဒီမိုကရေစီ အုပ်ချုပ်ရေး၊ အုပ်ချုပ်ရေးပိုင်းတွင်ကြုံတွေ့ရလေ့ရှိသောအခက်အခဲ၊ မိမိဒေသတွင်း အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သင်တန်းတက်ရောက်ခဲ့သည့် သျှမ်းလူငယ် လွယ်ခမ်းပန်က – အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ လူငယ်တွေစိတ်ပါ၀င်စားလာအောင်၊ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူလိုစိတ်ရှိလာအောင်နဲ့ မိမိတို့အုပ်ချုပ်ရေးမှူးတွေကို ရွေးတတ်စေရန် ရည်ရွယ်ပြီးတော့ ဒီဆွေးနွေးပွဲကိုကျင်းပရတာဖြစ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောဆိုသည်။

သင်တန်းတက်ရောက်သူများသည် မိမိရပ်ရွာသို့ပြန်လည်အသိပညာပေးဝေငှသွားမည်ဖြစ်ပြီး လက်ကမ်းစာစောင်များပြုလုပ်ကာ လည်း ဝေငှသွားမည်ဖြစ်ကြောင်းဆိုပါသည်။

အလားတူ ဒီဇင်ဘာလ ရ ရက်နေ့ကလည်း လားရှိုးမြို့ရှိ TYO သျှမ်းလူငယ်အဖွဲ့က လားရှိုးရပ်ကွက် ရ နှင့် ရပ်ကွက် ၁၂ အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေးနှင့်ပတ်သက်သည့်ပညာပေးလက်ကမ်းစာစောင်များ လှည့်လည်ပေးဝေခဲ့ကြောင်းသိရပါသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here