Saturday, April 20, 2024

စည်းကမ်းမဲ့ မော်တော်ယာဉ်များအား ပညာပေး၍မရပါက ဖမ်းဆီးအရေး ယူမည်ဟု

Must read

မော်တော်ဆိုင်ကယ်မောင်းနှင်ကြသော ပြည်သူများအား အရည်အသွေး ပြည့်မှီသောဆိုင်ကယ်ဦးထုပ်ဆောင်းကြရန်နှင့် စည်းကမ်းမဲ့ ယာဉ်များအား ပညာပေး၍ မရပါက ဖမ်းဆီးအရေးယူမှု များလုပ်ဆောင်သွား မည်ဖြစ် ကြောင်း အမှတ် (၁၈) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးဇော်အောင် ကပြော သည် ။

ဒီဇင်ဘာလ(၆) ရက်နေ့က တောင်ကြီးမြို့ပေါ်တွင် စည်းကမ်းမဲ့မော်တော်ဆိုင် ကယ်မောင်းနှင်သူများအား အမှတ်(၁၈)ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့ခွဲမှူးရုံးက ဖမ်းဆီးပြီး ယာဉ်မောင်းသူများလိုက်နာရမည့် ယာဉ်စည်းကမ်းလမ်းစည်း ကမ်းများကို ဟောပြောကာ ဆိုင်ကယ်စီးဦးထုတ်များ အခမဲ့ပေးဝေခဲ့ သည် ။

“ဆိုင်ကယ်စီးတဲ့လူထုတွေ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ အသက်အန္တရာယ်နည်း ပါးဖို့အတွက် အရည်အသွေးပြည့်မှီတဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့အထူး တိုက်တွန်းချင်ပါတယ် ၊ ဖမ်းဆီးခြင်းထက်ပညာပေးတဲ့ အပိုင်းကို ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင်တွေက အဓိကထားပြီးလုပ်ဆောင်တယ် ပညာပေးလို့ မှမရရင် ဖမ်းဆီးပြီး အရေးယူမယ် ” ဟု ရဲမှူး မျိုးဇော်အောင်ကဆက်လက်ပြောသည် ။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း သျှမ်းပြည်နယ်တောင်ပိုင်းတွင် ယာဉ်မတော်တဆမှု အမှုပေါင်း (၄၂၃) မှု ၊ သေဆုံးသူ (၁၇၇) ဦးရှိပြီး ဒဏ်ရာရရှိသူ (၆၇၇)ဦး ရှိကြောင်းအမှတ် (၁၈)ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့ခွဲ ရုံး၏ စာရင်းများအရ သိရသည် ။

Leave a Comments

- Advertisement -spot_img

Latest article