Wednesday, April 24, 2024

SNLD ပါတီ ကျိုင်းတောင်းမြို့နယ်ခွဲတွင် ရုံးခွဲထပ်ဖွင့်

Must read

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးခွဲဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

၂၀၁၇ ခုနှစ် နို၀င်ဘာလ ၂၈ ရက်နေ့က ကျိုင်းတောင်းမြို့နယ်ခွဲတွင်ရုံးခွဲဖွင့်လှစ်ခြင်းဖြစ်ပြီး သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ မိုင်းကိုင်၊ ကျေးသီး၊ လဲချား၊ မိုးနဲ၊ ကွန်ဟိန်း၊ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ နမ့်စန် တို့မှ SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ အပြင် ဒေသခံလူထု စုစုပေါင်း ၄၀၀ ကျော် ဖွင့်ပွဲတက်ရောက်ကြောင်း  သိရသည်။

မိုးနဲမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းမျိုးမြင့်က – ဒေသတွင်းလူထုရဲ့အခက်အခဲတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းပေးနိုင်ဖို့အတွက် ရုံးခွဲဖွင့်လှစ်ရတာဖြစ်ပါတယ်။  ဒေသခံလူထုတွေကို မိမိတို့ရဲ့ အခက် အခဲတွေကို နီးစပ်ရာ ကျားခေါင်းပါတီရုံးတွေမှာသွားရောက်ပြောကြားဖို့ တိုက်တွန်းလိုပါတယ် – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

SNLD ပါတီကျိုင်းတောင်းရုံးခွဲကို ကျိုင်းတောင်းမြို့ရပ်ကွက် ၅ တွင် ဖွင့်လှစ်ထားပြီး SNLD ကျိုင်းတောင်းမြို့နယ်ခွဲ ပါတီဥက္ကဌမှာ စိုင်းအောင်သန်း၊ ဒုဥက္ကဌမှာ စိုင်းမွန်းမိန်း၊ အတွင်းရေးမှူးမှာ စိုင်းဇင်တို့ဖြစ်ကြပြီး အလုပ်အမှုဆောင် ၁၀ ဦးရှိသည် သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article