Thursday, April 25, 2024

တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်တွင် အင်္ဂလန် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ ခမ်းမိုင် ဝိဇာတမွေးနေ့ အလှူပွဲကျင်းပ

Must read

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အင်္ဂလန် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ မထေရ်မြတ် ၏ (၅၃) နှစ်ပြည့် ဝိဇာတ မွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့ တောင်ကြီးမြို့တွင်ကျင်းပသည်။

ဆရာတော်၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ( ၂၅ – ၂၆ ) ရက်တွင် နေပြည်တော်ရှိ မက်စ် ဟိုတယ် တွင်လည်းကောင်း ၊နို်ဝင်ဘာ (၂၇-၂၈) ရက်နေ့တွင် တောင်ကြီး သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တွင် လည်းကောင်း ကျင်းပခြင်းဖြစ်သည်။

“နေပြည်တော်မှာက မွေးနေ့ အထိမ်းအမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်တယ်၊ နို်င်ငံခြားက ဧည့်သည်တွေကို ဖိတ်ကြားလာတယ်၊ ပဋိကတ်စာပေသင်ကြားရေး ခေတ်အလိုက် ဘယ်လိုတွေရှိလာခဲ့လဲဆိုတာ အဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားတယ်” ဟု အုပ်ချုပ်ရေး နာယကဆရာတော် သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် အရှင်စန္ဒိမာ ကမိန့်ကြားတော်မူသည်။

သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ နိုဝင်ဘာ ၂၇ ရက်နေ့တွင် သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရန်အတွက် အုဋ်မြစ်ချ လှူဒါန်းခဲ့သည်။

“ဝိဇာတ မွေးနေ့ပွဲကို အကြောင်းပြုပြီး သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှာ ဓာတ်တော်မွေတော်ဟိုလင်း ပုံတူ တည်ဆောက်သွားမယ် မိုင်းဖုန်းဆရာတော် ကိုယ်တိုင် ဦးဆောင်ပြီးတော့ အုဋ်မြစ်ချမယ် မွေတော်ဟိုလင်း စေတီ နဲ့ တစ်ပုံစံတည်း တည်ဆောက်သွားမယ်” ဟု အုပ်ချုပ်ရေး နာယကဆရာတော် သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် အရှင်စန္ဒိမာ ကမိန့်ကြားတော်မူသည်။

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် နှီးဘုရားကျောင်းဆောင်၌ သျှမ်းအရှေ့ပိုင်း ဗုဒ္ဓဘာသာဓလ့ဖြစ်သော ကံထပ် မင်္ဂလာဖြင့် အောက်စဖိုဒ့်ဆရာတော်ဘုရားကြီးအား ပူဇော်ခြင်း အခမ်းအနားရှိခဲ့ပါသည်။

“သျှမ်းပြည်အရှေ့ပိုင်းတွေရဲ့ ထုံးစံတိုင်း ဘုန်းဘုန်းကို ဇာတာမြင့် ပေးတဲ့အခမ်းအနားလဲ ရှိတယ်၊ ဝိဇာတမွေးနေ့မှာ ဆရာတော်ဘုရားကြီး အန္တရာယ်ကင်းရှင်းဖို့ သက်တော်ရာကျော်ရှည်စေဖို့ အတွက် ” ဟု အရှင်စန္ဒိမာ ကပြောသည်။

ဝိဇာတ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်ဘုရား မွေးရပ်ဇာတိဖြစ်သော လဲချားမြို့၌ ပြည်သူ့ဆေးရုံလူနာဆောင် ဆောက်လုပ်လှူဒါန်းခြင်း ၊ မွေတော်ဟိုလင်း ဓာတ်တော်ပုံစံတူ ဖြစ် ဆောက်လုပ်လှူဒါန်းခြင်း၊ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၌ ပညာရေးပဒေသာပင် ဖြစ်သော Scholarship Fund& Lectureship Fund ရေစက်ချ လှူဒါန်းခြင်း ရှိမည်ဖြစ်ကြောင်းလည်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article