Thursday, April 18, 2024

RCSS/SSA ဌာနချုပ်လွယ် တိုင်းလျဲန်း၌ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော် UWSA ကိုယ်စားလှယ်တက်ရောက်

Must read

၂၁၁၂ နှစ်မြောက် သျှမ်းလူမျိုးများ နှစ်သစ်ကူးပွဲတော် ကြိုဆိုရေး အခမ်းအနားအား သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျဲန်း တွင် ကျင်း ပရာမှာ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုယ်စားလှယ်တက်ရောက် ခဲ့သည်ဟု သိရသည်။

အဆိုပါခမ်းအနားသို့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုယ်စားလှယ်တော် ဖြစ်သည့် တပ်မဟာမှူး အဆင့်ရှိ ဦးတာ့ထန်း၊ ပန်ဆန်းမြို့ ရဲတပ်ဖွဲ့ ဒုရဲမှူး အဆင့်ရှိ ဦးစံကျုံး ဦးဆောင်သည့်ကိုယ်စားလှယ်တော်အဖွဲ့ တက်ရောက် သည်ဟု လွယ်တိုင်းလျဲန်းအရာ ရှိတဦးက ပြောသည်။

“ သျှမ်း လူကြီး နဲ့ ၀ ကိုယ်စားလှယ် လူကြီးတွေ အတူတကွတွေ့ရတော့ ၀မ်းသာတယ်။ ဘာဘဲဖြစ် ဖြစ် ဒီနှစ်သစ်ကူးပွဲတော်ကနေ သျှမ်းပြည်ကြီးအတွက် အလင်းတန်းတခုဘဲ။ ဘာဘဲဖြစ်ဖြစ် ၀ ဆိုတာ ကလဲ သျှမ်းပြည်မှာ အရေးပါနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုဘဲ” – ဟု အခမ်းအနား တက်ရောက်သည့် ဆရာတော် တပါးက မြွတ်ကြားသည်။

အဆိုပါတွေ့ဆုံမှုသည် သျှမ်းပြည်အရေး၊ ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေး၊ TNLA နှင့် RCSS အရေး စသည့်ကိစ္စရပ်များ အလွှတ်သဘော ဆွေးနွေးကြသည်ဟု ဆိုသည်။

ဩဂုတ်လလယ်ပိုင်းတွင် ထိုင်းနယ်စပ်၌လည်းကောင်း၊ ဩဂုတ်လ နှောင်းပိုင်းတွင် ပန်ဆန်းမြို့ ၌ လည်းကောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ် နှင့် UWSA ဝ တပ်မတော် ကိုယ်စားလှယ်တို့ တွေ့ဆုံကြပါသေးသည်။

ဝ တပ် UWSA သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ၏ ဦးဆောင်အဖွဲ့ဖြစ်ပြီး၊ RCSS/SSA မှာမူ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ တွင်ပါဝင်သည်။

UWSA နှင့် RCSS တို့သည် ၂၀၀၀ – ၂၀၀၁ ခုနှစ်တွင်တကြိမ်၊ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် တကြိမ် ထိုင်းသျှမ်းနယ်စပ် တကြောရှိ RCSS/SSA တပ်စခန်းများအား အစိုးရ တပ်မတော် နှင့်အတူ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

Photo : RCSS/SSA

Leave a Comments

- Advertisement -spot_img

Latest article