၂၁ ရာစုပင်လုံ… ပိတ်ဆို့မှုရပ်ဆိုင်းရေး… ငြိမ်းချမ်းရေး… ကျည်ဆံ ဗုံးသံ… ပြည်သူ့စစ် ဖိနပ်အောက်က လူထုပိပြားမှု.. ဘဝကို ဖြေရှင်းပေးပါခင်ဗျား

0

သို့ – နိုင်ငံတော်အကြီးအကဲ အမတ်မင်း၊ အမှုထမ်းအရာထမ်း များခင်ဗျား

သျှမ်းသံတော်ဆင့် မှ တဆင့်တင်ပြပေးပါရန်

ခုတလော ကျနော်တို့ ရပ်ရေးရွာရေးနိုင်ငံအရေးတွေဟာ အပြောင်း အလဲေ တွရှိနေပြီလို့ ကမ္ဘာက ပြောဆိုနေချိန် မှာ ..မပြောင်းလဲနိုင်သေး တာ က ပြည်သူ့စစ်လက်အောက်ခံ ကျနော်တို့ နမ့်ပေါင်ကလူထု ဘဲဖြစ်ပါတယ် ။

တပ်သားသစ်တွေမကောက်ကြဖို့ သေနတ်သံ ပစ်ခတ်သံတွေ ငြိမ်စေဖို့ NCA ဆိုတဲ့ ငြိမ်းချမ်းရေး စာချုပ်ကြီး လက်မှတ်ထိုးဖို့တပြည်လုံး လုပ်နေချိန် ၊ နိုင်ငံတော်ခေါင်းဆောင်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆုတွေ တမျိုး ပြီးတမျိုး ဆွတ်ခူးနေချိန်မှာ ကျနော်တို့ နမ့်ပေါင်အုပ်စုက ဒေသခံတွေဟာ မန်ပန်ဌာနေပြည် သူ့စစ်တပ်ဖွဲ့ထံမှာ စစ်မှုမထမ်းမနေရ (စစ်မှုထမ်းပြီးလည်းဘဲ လာပြီးလဲလှယ်ပေးတဲ့လူမရှိမချင်း အိမ်ပြန်မနေရ) စနစ်နဲ့ကြုံနေရတဲ့အတွက် လူထုဟာ အခက်တွေ့နေရပါတယ် ။

သားဖြစ်သူတွေဟာ မန်ပန်ပြည်သူ့စစ်မှာ စစ်မှုသွားထမ်းရပါတယ်။ ၂ ဦးရှိရင် ၁ ဦးစစ်မှုသွားထမ်းရပါတယ်။ စစ်မှုသွားထမ်းတဲ့တယောက် အိမ်ပြန်နားေ နချင်ရင် ကျန်တဲ့တယောက်ကသွားပြီး လဲလှယ်တာဝန်ယူအမှုထမ်း ရပါတယ်။ သားဖြစ်သူက ကျောင်းနေအရွယ်တို့ ၊တခြားနေရာမှာအိမ်ထောင် သွားကျေ နတာ တို့ ဆိုရင်လည်း အဖေဖြစ်သူကိုခေါ်ပါတယ်။ အဖေဖြစ်သူက အသက်ဘယ်လောက်ကြီးကြီး ပြည်သူ့စစ်သွားလုပ်ရတာပါဘဲ။ လုံးဝရှောင်လို့မရပါဘူး။ ဖီဆန်ရင် ဖမ်းဆီးထောင်ချပါတယ် ။

ခံစားနေရတဲ့သူတွေအများကြီးထဲမှာ ကျနော့်အသိ ဦးလေး လုံးအာလိယ ဘဝ နဲ့ မိသားစု ဌာနနေပြည်သူ့စစ်ကြောင့် ဒုက္ခရောက်နေရတဲ့အကြောင်း တင်ပြပါရစေ ။

ဦးလေး လုံးအာလိယမှာ သား ၄ ယောက်ရှိပါတယ်။ ပြီးခဲ့တဲ့ တပို့တွဲလ က ပြည်သူ့စစ်မှာ ရ နှစ် စစ်မှုထမ်း လာခဲ့တဲ့သူ့ရဲ့တတိယမြောက်သား စိုင်းစံညွန့် အသက် ၂၅ နှစ် က ထွက်ပြေး ပါတယ်။ အဲ့ဒါ သူ့သား ကိုပြန်ခေါ်ပေးဖို့ မုံးတွန်းပြည်သူ့စစ်စခန်း ဗိုလ်မှူးစိုင်းခမ်းလိုင်က ဆင့်ဆို လိုက်ပါတယ် ။

သူ့သားကိုသူဘယ်မှာပြန်ရှာရမယ်မှန်းမသိတဲ့အချိန်မှာ သား တယောက်ယောက် နဲ့အစားထိုး မပို့ပေးရင်တော့ အဖေဖြစ်သူကို ဖမ်းဆီးထောင်ချမယ်လို့ဆိုပါတယ် ။

လုံးအာလိယ ပြောပြချက်ကို ပြန်ပြောပြရမယ်ဆိုရင် –

“ ကျနော့်မှာသားအကြီးဆုံးက ထိုင်းကိုရောက်နေတယ်။ သားငယ် စိုင်းစောဟန်ကအခုကျောင်းတက်နေတုန်း အသက်က ၁၂ ဘဲရှိသေး တယ်။ ကျောင်းပိတ်ရင် အဲ့ဒီတ ယောက်ကိုလာအပ်ပေးမယ် လို့လက်မှတ် ထိုးခိုင်း တယ်။ ကျနော်ကမထိုးဘူး။ ကလေးပညာရေးက မဆုံးသေး ဘူးလေ။ အဲဒါကြောင့် ကျနော့်ကိုဖမ်းဆီး ထောင် ချတယ်။ ရိုက်တော့မရိုက်ဘူး ဒါပေ မယ့် အရမ်းခြိမ်းခြောက် တယ်။ သေနတ်ကြီးနဲ့တေ့ ချိန်တယ်။ သတ်မယ်ဖြတ် မယ်လဲပြောတယ်။ စကားပြောခွင့်တောင်မပေးဘူး။ ကျနော်လဲ ဒီနမ့်ပေါင်မှာ ရပ်ရွာအကျိုး ဆောင်လာတာ ပါတီကောင်စီခေတ် ၊ နဝတခေတ် ၊ နအဖေ တွမှာ အဆက်ဆက်ဘဲ။ ၂၀၀၇ ခုနှစ်မှာမှ ကျနော် အလုပ်ထွက်တာ။ အဲတာကိုကျနော့်ကိုဘာလို့ လာပြီး အကျပ် ကိုင်နေလဲမသိဘူး။ ပြည်သူ့စစ် ကနေ ထွက်ပြေးတဲ့တယောက်ကလည်း စစ်မှုထမ်းတာ ရ နှစ်တောင်ရှိပြီဘဲလေ” – လို့ ကြောက်ကြောက်နဲ့ ရင်ဖွင့်ပါတယ် ။

လုံးအာလိယရဲ့ဇနီး ဒေါ်ပါ့ခမ်း (အသက် ၅၄ နှစ်) က နမ့်ပေါင်က ကျားခေါင်း ပါတီရုံးကိုသွားရောက် ဆွေးနွေးအကူအညီတောင်းခဲ့ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ နမ့်ပေါင်ကျားခေါင်းပါတီက လုံးအာလိယ ကိုသွားတွေ့ခွင့်ေ တာင်း တယ် ။

ပမထက ဗိုလ်မှူး ခမ်းလိုင်က ပြောတယ် – ပြည်သူ့စစ်ရဲ့မူအရဖမ်းထားတာပါ တဲ့ ။

နောက်ကျတော့ သူပဲထပ်ပြောလိုက်တာက- လုံးအာလိယကို ဆေးဖြတ်ပေးဖို့ သူ့ရဲ့ဇနီး နိုင်းခမ်းက လာပြီးငိုယို တောင်းပန်လို့ ဖမ်းဆီးပြီးဆေးဖြတ်ပေးရ တာပါတဲ့ ။ သူဆေးဖြတ်ပေးလို့ အခု ဆေးပြတ်သွားပြီး ကျန်းမာနေပြီတဲ့။ ဘာမှမဖြစ်စေရပါဘူးဆိုပြီးတော့ လုံးအာလိယကို စက်တင်ဘာလ ၂၉ ရက်နေ့က ပြန်လွတ်ပေး လိုက်ပါ တယ် ။

လုံးအာလိယကို ဖမ်းချုပ်ထားတာ ၂ လ နီးပါးရှိပါတယ် ။

သို့ပေမယ့် သားဖြစ်သူကို လာမအပ်ရင်တော့ သီတင်းကျွတ်လ ၁၀ ရက် (အောက်တိုဘာလ ၁၀ ရက်နေ့) မှာ လုံးအာလိယ ကိုယ်တိုင်လာပြီး ပြည်သူ့ စစ် စစ်မှုထမ်းရမယ် ဆိုပြီးထပ်မံဆင့်ဆိုခဲ့တယ်။ ထပ်မခေါ်ရစေနဲ့နော် – လို့မှာကြားလိုက်တဲ့အတွက် လုံးအာလိယတယောက်အတွက် တရွာလုံးက စိုးရိမ် နေကြပါတယ် ။

ရပ်ရွာအုပ်ချုပ်ရေးမှူးကလည်း အာမခံမပေးဘူးလေ။ သူလဲ ပြည်သူ့စစ်တွေနဲ့ တခါ ပြသနာတက်ခဲ့ဖူး တယ်ကော်။ ဖြစ်ပုံကဒီလိုရှိတယ် ။

မိုင်းယော်က ရွာသားတွေအသတ်ခံရမှုမဖြစ်ခင်တုန်းကပေါ့ ။ ရွာသားတွေရဲ့ကျွဲ ၉ ကောင်က ပြည်သူ့စစ် ရဲ့ ရာဘာခြံထဲဝင်လို့ ဆိုပြီး ပြည်သူ့စစ်တွေက ဖမ်းချည်ထားတာ။ အစာမကျွေးလို့နေမယ် အားပြတ်ပြီး ၂ ကောင် သေ တယ်။ ကျွဲတကောင်ရဲ့တန်ဖိုးက ကျပ်သိန်း ၂၀ ။ အဲ့ဒီမှာ ဗိုလ်မှူးခမ်းလိုင်က ၂ ကောင်အတွက် ၂ သိန်း ဘဲလျော်မယ်။ ကျန်တာကိုတော့ – အသက်ရှင် လျှက် လွှတ်ပေးတဲ့ ရ ကောင်ရဲ့ပိုင်ရှင်ကနေ တကောင် ၂ သိန်း စီ ကူလျော်ပေးရမယ် – ဆိုတော့ ကျွဲပိုင်ရှင်တွေက သဘောမတူဘူး။ အဲတာနဲ့ လားရှိုးခရိုင်ရုံးအထိရောက်ခဲ့ဖူး တယ်ပြသနာက ။

မိုင်းယော်ကိစ္စကြောင့် အဲ့ဒီပြသနာ ခန ငြိမ်သွားပေမယ့် နောက်ပိုင်း ကျားခေါင်းပါတီရဲ့ လားရှိုးခရိုင် အမျိုး သားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက လွှတ်တော်မှာ သွားမေးမြန်းပေးလို့ ပြန်ဆပ်ဖို့ဆင့်ဆို လာလို့ ဗိုလ်မှူးခမ်းလိုင်က ဆပ်လိုက်တယ်။ အဲတာ ရပ်ကွက်ရေးမှူးက ဟုတ်မှန်ကြောင်းလက်မှတ်ထိုးပေး တာကြောင့် သူလျော်ပေးလိုက်ရတယ်ဆိုပြီး မကြည်မလင်ဖြစ်နေတာကြောင့် ခုထိ ရွာသူကြီးတွေက ပြည်သူ့စစ်အရေးနဲ့ပတ်သက်လာရင် ဘာမှ မပြောဝ့ံမဆိုသာဖြစ်နေရပါတယ် ။

အဲတာကြောင့် ကျနော်တို့ပြန်စဉ်းစားကြည့်တယ်။ “ဒီမိုကရေစီလမ်းပေါ်သို့ ကူးပြောင်းနေပါပြီ- အဓမ္မ လုပ် အားပေးခိုင်းစေမှုတွေမရှိတော့ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အောင်မြင်နေပါပြီ။ ပစ်ခတ်တိုက် ခိုက်မှု တွေရပ်စဲနေပါပြီ ” လို့ ဘယ်သူက ပါးစပ်အမြုပ်ထွက်အောင်ဘဲပြောနေနေ ကျနော်တို့နမ့်ပေါင် ရွာသားတွေ ရဲ့ဘဝလုံခြုံရေး၊ မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရှာဖွေစားသောက်နိုင်ရေး၊ လွတ်လပ်စွာ ပညာ သင်ကြားနိုင်ရေး ဆိုတာတော့ ခုထိ မူးလို့ရှူစရာတောင် မရှိသေးပါဘူး ။

ကျနော်တို့ကို ဘယ်သူက ကယ်တင်မလဲ။ ဘယ်လူ့အခွင့်အရေးဆုရှင်က လာကယ်တင်မလဲ။ ဘယ်တော့များ ပြည်သူ့စစ်အဖြစ် အဓမ္မဆင့်ခေါ်မှုကနေ လွတ်ကင်းမလဲ ….. ဆိုပြီး ….လဲပေါင်းများစွာဖြင့် ရင်ဆိုင်ရမယ့်မနက်ဖြန်ကို ရင်တမမနဲ့ ဖြတ်သန်းနေရပါတယ် ။

နိုင်ငံတော်ခေါင်းဆောင်ကြီးများ၊ အုပ်ချုပ်ရေးမှူးများ၊ အမတ်မင်းများ၊ အမှုထမ်းအရာထမ်းများခင်ဗျား…. ကူညီဖြေရှင်းပေးကြပါ ။ အားကိုးပါရစေခင်ဗျား ။

လေးစားလျက်
နမ့်ပေါင်က
စိုင်းမောင်မောင်

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here